Sothink.SWF.Decompiler ဖြစ်ပါတယ်ခင်ဗျာ ။ Keygen လေးပါထည့်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။
တန်ဆောင်းမုန်းလပြည့်နေ့အမှတ်တရ ။
Download ချရန်![]()
Lovercreater
Sothink.SWF.Decompiler.v5.1.Build.516 with Keygen
ရေးသားသူ
မောင်နိုင်
အချိန်
2:11 PM
0
ဒီလိုထင်မြင်ကြတယ်လေ .
Labels: Softwares
Diode
ဒိုင်အုတ်များကို (Germanium) ဂျာမေနီယံ၊ (Silicon) စီလီကွန်၊ (Copper Oxide) ကော့ပါး အောက်ဆိုဒ်၊ (Cadmium Sulphide) ကက်ဒမီယံ ဆာလဖိုတ်ဒ် စသည့်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်လေ့ ရှိသည်။ ၎င်းဒိုင်အုတ်များကို အီလက်ထရွန်းနစ် ဆားကစ်များတွင် လှိုင်းစစ်ခြင်း၊ လှိုင်းသန့်ခြင်း၊ လှိုင်းပြင် ခြင်း စသောနေရာများတွင် အသုံးပြုသည်။ ဒိုင်အုတ်များသည် အသုံးပြုသော ဆားကစ်ပိုင်းဆိုင်ရာ၌ အဓိ ကလုပ်ဆောင်နိုင်သော စွမ်းရည် အပေါ်မူတည်၍ အမည်နာမည်နှင့် အမျိုးအစား ကွဲပြားခြားနားကြသော် လည်း အလုပ်လုပ်ပုံသဘောတရားမှာ တူညီကြပါသည်။
ရေဒီယိုအသံလွှင့်လှိုင်းများကိုလည်း လူတွေ ကြားနိုင်တဲ့ ရေဒီယိုလှိုင်း (Audio Wave) ပြောင်းလဲ ပေးရန်အတွက် အသုံးချကြတယ်။ တနည်းအားဖြင့် ဒိုင်အုတ်ကို စမ်းစစ်ကြည့်တဲ့အခါ လျှပ်စစ်အားကိုတစ် ဖက်တည်းသို့သာ စီးဆင်းနိုင်အောင် ဘားသဖွယ် စွမ်းဆောင်ပေးထားတာတွေ့ရတယ်။
ဆန့်ကျင်ဘက်သို့ လျှပ်စစ်ဓာတ်အား မစီးဆင်းနိုင်အောင် တားစီးပေးထားတယ်။ ဥပမာအနေဖြင့် အောက်က ပုံကိုကြည့်ပါ။
ပုံ(၁) မှာ ရေပိုက်ထဲက ရေတွေဟာ ၀ဲမှယာသို့ စီးမှာသာလျှင် ဘားဟာ တစ်ဖက်ကိုသို့ စီးဆင်းရန် ဖွင့်ပေး ပါ တယ်။ပုံ(၂) မှာ ရေပိုက်ထဲက ရေဟာ ယာမှဝဲသို့ စီးသွားတဲ့အခါ ဘားက အလိုလိုပိတ်ပြီး ရေတစ်ဖက်သို့ စီးခြင်းကို ပိတ်ထားပါတယ်။ ဒိုင်အုတ်ဟာလည်း အေစီလှိုင်းရဲ့  (+) အပိုင်းများကိုသာ ၎င်းမှာ ဖြတ်သန်း စေပြီး လှိုင်းရဲ့  (-) အပိုင်းရှိ လှိုင်းများကိုမှု ဖြတ်သန်းခွင့် မပြုနိုင်ဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို တစ် ဖက်တည်းသာ စီးဆင်းစေကြောင်း သိရပါသည်။
အမှတ် အေ(Anode)မှ အမှတ်ကေ(Cathode) သို့ လျှပ်စီးကြောင်းစီးခွင့်ပြုတယ်။ Cathode မှ Anode သို့ စီး ခွင့်မပြုဘူး။(က) Cathode မှ (+) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ မဖြတ်စီးနိုင်။
(ခ) Cathode မှ (-) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ ဖြတ်စီးနိုင်။
(ဂ) Anode မှ (-) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ မဖြတ်စီးနိုင်။
(ဃ) Anode မှ (+) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ ဖြတ်စီးနိုင်။
ထို့ကြောင့် ဒိုင်အုတ်သည် ၎င်း၏ သင်္ကေတတွင်ပါရှိသော (+)(-)နှင့် တူညီသောဗို့အားများကို တွန်းကန်တား ဆီး ၍ အသွင်မတူဆန့်ကျင်ဘက်ဖြစ်သောဗို့အားများကို ဖြတ်သန်းစီးဆင်းခွင့်ပြုသည်ဟု အလွယ် မှတ်သား နိုင်သည်။ဒိုင်အုတ်ကို ဒီစီဗို့အားတစ်ခု ဖြတ်သန်း စီးဆင်းမယ် ဆိုရင် ဒိုင်အုတ်ရဲ့  ခုခံမှုကြောင့် ၉၅% ခန့် မူလထက် လျှော့နည်းသွားတတ်ပါတယ်။
ဒိုင်အုတ်အမျိုးမျိုး
ဥပမာအားဖြင့် ဒိုင်းအုတ်များ၏ အမည်ကွဲ အမျိုးအစားများကို ဖော်ပြရလျှင်
(က) Rectifier Diode – ရက်တီဖိုင်ယာဒိုင်အုတ်
(ခ) Detector Diode – ဒီတတ်တာဒိုင်အုတ်
(ဂ) Light Emitting Diode – လိုက်ခ်ျအီမစ်တင်းဒိုင်အုတ်
(ဃ) Zener Diode – ဇီနာဒိုင်အုတ်
(င) Silicon Diode – စီလီကွန်ဒိုင်အုတ် - ဟူ၍ဖြစ်သည်။
မှတ်ချက်။ ဒိုင်အုတ် အမျိုးအစားများ များစွာရှိသည့်အနက် အခြေခံအသုံးများသော ဒိုင်အုတ်များ ကို ရေးသား ထားခြင်း ဖြစ်ပါသည်။ အမျိုးအစားအများ ကြီးရှိနိုင်ပါသည်။
(က)Rectifier Diode
Rectifier Diode သည် အေစီလျှပ်စီးမှ ဒီစီလျှပ်စီး အဖြစ်ပြုပြင်ပြောင်းလဲပေးသော ဒိုင်အုတ်အမျိုး အ စား ဖြစ်သည်။ ၎င်းဒိုင်းအုတ်ကို (Power Pack) ပါဝါပက်ခ် (ခေါ်) (Adapter) အဒက်ပတာများ တွင် အ သုံးပြုသည်။ ရေဒီယို၊ ကတ်ဆက်၊ ဗွီဒီယိုပြစက်နှင့် ရုပ်မြင်သံကြားများတွင် အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်းများမှ လိုအပ်သော ဒီစီဗို့အားများ ရရှိစေရန် အေစီဗို့အားလိုင်းမှာ ထရန်စဖော်မာဖြင့် အေစီဗို့ အားကို လိုအပ်သလို လျော့နည်းစေပြီး ရက်တီဖိုင်ယာဖြင့် ဒီစီကိုရရှိစေရန် တည်ဆောက် အသုံးပြုကြ သည်။ ထိုသို့ အသုံးပြုရာတွင် Rectifier Diode များ၏ အရွယ်အစား အကြီးအသေးပေါ်မူတည်၍ လျှပ်စီး ကြောင်းပမာဏ အနည်းအများ ကွာ ခြားနိုင်သဖြင့် အသုံးပြုမည့် အီလက်ထရွန်းနစ်ဆားကစ်၏ ၀န်ဆောင် မူအနည်းအများကို ချိန်ဆ၍ ဒိုင်အုတ်ကို ရွေးချယ်အသုံးပြုရမည်။ ဒိုင်အုတ်၏ စွမ်းရည်ကို အမ်ပီယာ (Ampere) ဖြင့်သတ်မှတ်ပိုင်းခြားသည်။ ဒိုင်အုတ်အကြီးအသေး အရွယ်ပမာဏပေါ် လိုက်၍ (1 Ampere) ၊ (2 Ampere) ၊ (3 Ampere) စသည်ဖြင့် ရက်တီဖိုင်ယာ ဒိုင်အုတ်များကို အသေးဆုံး (1 Ampere) မှ အင်ပီယာများလေလေ ဒိုင်အုတ်အရွယ်အစား ကြီးမာလာလေလေ ဖြစ်သည်။Rectifier Diode ခေါ် AC မှ DC လျှပ်စီးပြောင်း ဒိုင်အုတ်များကို စီလီကွန်၊ ဂျာမေနီယမ် (၂) မျိုး စလုံးဖြင့် ဖွဲ့စည်းတည်ဆောက်လေ့ ရှိပါသည်။ Silicon Diode သည် အပူခံနိုင်မူစွမ်းရည် ၃၅၀̊ ဖာရင်ဟိုက် အထိ ရှိသောကြောင့် စီလီကွန်အမျိုးအစားရက်တီဖိုင်ယာ ဒိုင်အုတ်များကို ပိုမိုအသုံးပြုသည်။
(ခ) Detector Diode
(Detector Diode) ဒီတတ်တာဒိုင်အုတ် ကို ဂျာမေနီယမ်သတ္တုဖြင့် ဖွဲစည်း တည်ဆောက်ပြီး ဂျာမေနီယမ် ပွိုင့်ကွန်တက်ဒိုင်အုတ် (Germanium Point Contact Diode) လို့လည်းခေါ်ကြတယ်။ ၎င်း ဒိုင်အုတ်သည် ရေဒီယိုများတွင် လူနားနှင့် မကြားနိုင်သော ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းများကို လူနား နှင့်ကြား နိုင်သော ကြိမ်နှုန်းနိမ့် အော်ဒီယိုလှိုင်း အဖြစ်သို့ လှိုင်းစစ်ပေးသော အလုပ်ကို လုပ်ဆောင် ပေးသော ဒိုင်အုတ်အမျိုးအစား ဖြစ်သည်။ ၎င်းဒိုင်းအုတ်ကို ဂျာမေနီယံ သတ္တုပြားကလေးကို တန်စတင် နန်းကြိုးမြှင်ကလေးဖြင့်ဖိထောက်၍ ကြည်လင်သော ဖန်သားကိုယ်ထည်အတွင်း၌ မြုတ်နှံတည်ဆောက် ထားခြင်း ဖြစ်သည်။ ဖန်သားလို ကြည်လင်ပြီး အတွင်းကိုလည်း မြင်ရလို့ ဖန်ကြည်ဒိုင်အုတ်လို့ လဲခေါ်ကြ တယ်။၎င်းဒိုင်အုတ်အမျိုးအစားသည် နုနယ်ပြီး အပူခံနိုင်စွမ်းရည် ၁၈၅ ̊ ဒီဂရီဖာရင်ဟိုက် အောက်သာ ရှိ သောကြောင့် ၀န်ဆောင်မှုများသော အစိတ်အပိုင်းများတွင် အသုံးမပြုသင့်ပါ။
(ဂ) Light Emitting Diode – LED

Light Emitting Diode – LED ဒိုင်အုတ်သည် လျှပ်စီးလှိုင်းမှ အလင်းရောင်ထုတ်လွှတ်ပေးနိုင်ရန် ပြုပြင်ပေးသော အလင်းလွှတ်ဒိုင်အုတ်အမျိုးအစား ဖြစ်သည်။ LED ဒိုင်အုတ်သည် အေစီ (သို့) ဒီစီဗို့အား (၁.၅) ဗို့မှ (၃) ဗို့အတွင်း အလင်းရောင် ထုတ်လွှတ်ပေးနိုင်ပြီး၊ (၃) ဗို့ထက်ပို၍ ဗို့အားပေးသွင်းပါက အ လင်းလွန်ကဲပြီး လောင်ကျွမ်းပျက်စီးသွားနိုင်သည်။ LED ဒိုင်အုတ်ကို အေစီဗို့အားဖြင့် အသုံးပြုလျှင် ငုတ် များရွေးချယ်ရန်မလိုပဲ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်သည်။ ဒီစီဗို့အားဖြင့် အသုံးပြုလျှင် အပေါင်း၊ အ နုတ်ရွေးချယ်ပြီးမှ အသုံးပြုရမည်။
LED ဒိုင်အုတ်ကို လင်းမလင်းစမ်းသပ်ရန်ဖြစ်စေ၊ ကောင်းမကောင်း စမ်းသပ်ရန်ဖြစ်စေ မာတီမီ တာကို (x1Ω) တွင် ထားရမည်။ ရှည်တဲ့ အငုတ်ကို အမည်းကြိုးနဲ့ထောက်ပြီး၊ တိုတဲ့ အငုတ်ကို အနီကြိုးနဲ့ ထောက်ကြည့်မယ်ဆိုရင် မီးလင်းလာကြောင်းတွေ့ရမယ်။ တိုတဲ့ အငုတ်က Cathode ဖြစ်တယ်။ ရှည်တဲ့ အငုတ်က Anode ဖြစ်တယ်။ သင်္ကေတနဲ့ ဆိုရင်တော့ အငုတ်တိုက (+)၊ အငုတ်ရှည်က (-) ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အငုတ်နှစ်ဖက်က တူနေရင်တော့ Cathode ဘက်မှာရှိတဲ့ ကော်သားဟာ ပြားချပ် နေတာတွေ့ရမယ်။ ဒိုင်အုတ်ရဲ့  Anode ဘက်ခြမ်းကတော့ ၀ိုင်းနေတာတွေ့ရပါလိမ့်မယ်။
LED ဒိုင်အုတ်တွေဟာ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်အမျိုးအစားပေါ်မူတည်ပြီး ခံနိုင်ရည်ဗို့ အားတွေ လည်း မတူညီကြပါဘူး။
LED ဒိုင်အုတ်တွေဟာ အလင်းရောင်အမျိုးမျိုးထုတ်လွှတ်နိုင်တဲ့အတွက် အသံအနိမ့်အမြင့်လှိုင်း ပုံစံဖော်ရန်၊ ဆိုင်းဘုတ်များမှာ စာလုံးများဖော်ရန်၊ ဘုရားမီးသီးရောင်ခြည်တော်လွှတ်သည့်ပုံစံပြုလုပ်ရန် စ သည့် အခြား သော အချက်ပြလှုပ်ရှာမှုတွေ Display ဆားကစ် ပတ်လမ်းများမှာ အများဆုံး အသုံးပြုကြပါ တယ်။(ဃ) Zener Diode
Zener Diode – ဇီနာဒိုင်အုတ် ကို အဆင့်မြင့် အီလက်ထရွန်းနစ် ဆားကစ်ပတ်လမ်းများတွင် တည်ငြိမ်ဗို့အား ရရှိရေးအတွက် အသုံးပြုကြတယ်။ ၎င်းဒိုင်အုတ်သည် အီလက်ထရွန်းနစ် ဆားကစ်များ တွင် အသုံးများသော ဒိုင်အုတ်ဖြစ်သည်။ ၎င်းကို စီလီကွန်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ Zener Diode ရဲ့  တန်ဖိုးကို ကိုယ် ထည်ပေါ်မှာ ရေးမှတ်ထားတတ်ပါတယ်။ တန်ဖိုးရေးမထားဘူးဆိုရင်တော့ ( Zener Data Book) များ မှာကြည့်မှ တန်းဖိုးသိနိုင်ပါမယ်။ ဇီနာ ဒိုင်အုတ်ကို ဗို့အားအလိုက် အသုံးပြုရ တယ်။ ရိုးရိုးဒိုင်အုတ်ကဲ့သို့ Anode နှင့် Cathode – Electrode နှစ်ခုပါတယ်။ ဇီနာဒိုင်အုတ်တွင် ဗို့အား ကိုနည်းရာမှ တဖြည်းဖြည်း တိုးသွားလျှင် တန်ဖိုးတစ်ခုသို့ ရောက်သွားပါက လျှပ်စီးကြောင်းစ၍ စီးလာ ကြောင်းတွေ့ရမယ်။ ၎င်း တန်ဖိုးထက်ကျော်၍ ပေးသောဗို့အား များဟာ ဇီနာဒိုင်အုတ်ကို ဖြတ်ကျော်သွား ကြောင်းတွေ့ရတယ်။ ဗို့အားကို ထိန်းသိမ်းနိုင်သဖြင့် အပြောင်းအလဲမရှိသော ဓာတ်အားပေး လုပ်ငန်းများ တွင် အသုံးပြုနိုင်သည်။(င) Silicon Diode

(င) Silicon Diode – စီလီကွန်ဒိုင်အုတ်တွေဟာ အပူခံနိုင်ရည်ရှိတယ်။ အင်ပီယာအလိုက်အကြီး အသေး ကွဲ ပြားမှု ရှိကြတယ်။ အင်ပီယာများသည်နှင့် အရွယ်အစားကြီးမားမှာ ဖြစ်တယ်။
ဒိုင်အုတ်များသည် ပြိုင်ဆက် (Parallel) ဆက်သွယ်လျှင် လျှပ်စီးကြောင်း စီးဆင်းမှု ပမာဏ အင်ပီယာ များစွာ ပိုမိုစီဆင်းခွင့်ပြုပြီး တန်းဆက် (Series) ဆက်သွယ်အသုံးပြုလျှင် အသေးဆုံး ဒိုင်အုတ် လျှပ်စစ်စီဆင်းမှု ပမာ ဏစွမ်းရည် အမ်ပီယာ အတိုင်းသာ ရရှိနိုင်ပါသည်။ နောက်ထပ်ဒိုင်အုတ်တွေက တော့ အများကြီးပါပဲ။ ပြောရင်တော ကုန်မှာ မဟုတ်တော့ ပါဘူးဗျာ။ Photo Diode တို့ S.C.S Diode၊ Triac Diode တို့ အများ ကြီးပါပဲ။ ဒီလောက်နဲ့ ပဲ ရပ်လိုက်ပါတော့မယ်ခင်ဗျာ ။
အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ ။
Lovercreater
ရေးသားသူ
မောင်နိုင်
အချိန်
11:28 AM
0
ဒီလိုထင်မြင်ကြတယ်လေ .
Labels: electronics
Sothink SWF Easy 6.11 with serial keys

Flash file လှလှကလေးများကို လွယ်လွယ်ကူကူ လုပ်ချင်သူများအတွက် ဒီ Sothink SWF Easy 6.11 ဆော့ဝဲလ်လေးက တော်တော် ကောင်းပါတယ်ခင်ဗျာ။ Key လည်းထည့်ပေးလိုက်ပါတယ်ခင်ဗျာ။
lovercreater
ရေးသားသူ
မောင်နိုင်
အချိန်
6:53 PM
0
ဒီလိုထင်မြင်ကြတယ်လေ .
Labels: Softwares
Blog,Wordpress,Joomla Template Maker
Google Earth Pro Gold Edition 2009 + Crack
ရေးသားသူ
မောင်နိုင်
အချိန်
5:42 PM
1 ဒီလိုထင်မြင်ကြတယ်လေ .
Labels: Softwares
Electronics ဖြစ်ပေါ်လာပုံ

Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။
သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
- အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
- ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
- လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
- ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
- ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
- မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။
(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
ရေးသားသူ
မောင်နိုင်
အချိန်
4:38 PM
2
ဒီလိုထင်မြင်ကြတယ်လေ .
Labels: electronics
AC Current and DC Current
သီတင်းကျွတ်လပြည့်နေ့ အမှတ်တရ အဖြစ်ရေးသားလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
၀၁။ AC (Alternating Current)
၀၂။ DC (Direct Current) တို့ဖြစ်သည်။
၀၁။ AC (Alternating Current)
နေအိမ်မှာသုံးနေတဲ့ မီးလုံးတွေလင်းစေဖို့၊ရေခဲသေတ္တာ၊ လျှပ်စစ်မီးပူ၊ထမင်းပေါင်းအိုးတွေ အလုပ်လုပ်နိုင် ဖို့ AC လျှပ်စစ်ကို အသုံးပြုကြပါတယ်။
ပြန်လှန်လျှပ်စီးဟုခေါ်ဆိုကြသည်။ AC ၏သင်္ကေတမှာ (~) ဖြစ်ပြီး အများဆုံး အသုံးပြုလျှက်ရှိသော လျှပ်စစ် အမျိုးအစား ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထုတ်လုပ် အသုံးပြုရာတွင် လည်းကောင်း၊ ပြုပြင်ထိန်း သိမ်းရာတွင် လည်းကောင်း ကုန်ကျစရိတ်သက်သာပြီး အခြားသော ဗို့အားထုတ်လုပ်မှုများ ထက် ပိုမို လွယ်ကူ သောကြောင့် ဖြစ်လေသည်။ ထို့အပြင် လိုအပ်သော (DC) လျှပ်စီးဗို့အားပြောင်းလဲ အသုံးပြုနိုင်သည်။
AC စနစ်တွင် (Single Phase)နှင့် (Three Phases)ဟူ၍ နှစ်မျိုးထုတ်ယူသုံးစွဲပါသည်။
(Scope)တွင် အောက်ပါအတိုင်းပေါ်ပါမည်။
Graph of single phase single pole current

Graph of three phase current
Three phase တွင် phase တစ်ခုနှင့်တစ်ခု Electrical Degree 120˚ ခြားနားပေါ်ထွန်းသည်။
ကျွန်တော်တို့နိုင်ငံတွင် အသုံးပြုသော (AC) ဗို့အားမှာ (220V/50Hz) ဖြစ်ပါသည်။ AC စနစ်တွင် အသုံးပြု သော ၀ါယာအမျိုးအစား ၅-မျိုးအား အရောင်ခွဲထားပါသည်။ AC တွင်ကြိုးအနီရောင်ကို ဖေ့စ် Phase အပူကြိုး (Live) ဟုခေါ်ကြသည်။ ကြိုးအနက်ရောင်ကို အအေးကြိုး နူထရာယ် Neutral လို့ခေါ် ကြတယ်။ ကြိုးအစိမ်း ရောင်ကို မြေစိုက်ကြိုး Earth လို့ သတ်မှတ်ထားကြတယ်။ (E)သင်္ကေတ၊ (PE) သင်္ကေတဖြင့် ပြပါသည်။
AC သည် Phase နှင့် Neutral ပေါင်းမှ မီးလင်းသည်။ AC လျှပ်စစ်မှာက အဖိုနဲ့အမ သီးသန့်မရှိဘူး။ ဆိုလိုတာ က၀ါယာတစ်ဖက်မှာ လျှပ်စစ်ဖိုနဲ့ လျှပ်စစ်မ သီးခြားမရှိဘူး။ အဖိုအမ တစ်လှည့်စီဖြစ်နေတယ်။ တိုင်းတာကြည့် မယ် ဆိုရင် တစ်စက္ကန့်မှာ အဖိုနဲ့အမအကြိမ် ၅၀ ဖြစ်နေတယ်။ လှိုင်းပုံဏ္ဍာန်ဆောင်တယ်။ အဲဒါကို Frequency ကြိမ်နှုန်းလို့ခေါ်တယ်။ သင်္ကေတနဲ့ပြရင် ၅၀ ~/s (50 ဆိုင်ကယ်ပါစက္ကန့် - Cycles/Sec) သို့မဟုတ် 50 Hz(ဟပ်) လိုပ ခေါ်ကြတယ်။
၀၂။ DC (Direct Current)
DC စနစ်မှာ လျှပ်စစ်အဖိုနဲ့ လျှပ်စစ်အမ သီးခြားရှိတယ်။ တစ်လမ်းသွားလျှပ်စီး ဖြစ်ပါသည်။ မျဉ်း ဖြောင့်ဖြင့် ပုံသဏ္ဍာန်ဖော် လေ့ရှိပါသည်။ သင်္ကေတမှာ
ဖြင့်ပြသတတ်ပါသည်။ ရေဒီယိုကတ်ဆက်နားထောင်ရန်၊ကွန်ပျူတာသုံးစွဲရန်၊တီဗွီကြည့်ရန်စသည်တို့တွင် အေစီပလပ်ကြိုးကို သုံးပေမယ့် စက်ထဲမှာ DC ပြောင်းထားတယ်ဆိုတာကို သိရမယ်။ AC လောက် ပြုပြင် ထိန်းသိမ်း ထုတ်ယူဖြန့်ဖြူးမှု မလွယ်ကူပါ။ ထို့အပြင် DC စနစ်အား AC စနစ်သို့ အလွယ်တကူ မပြောင်း လဲနိုင်ပါ။ သို့ရာတွင် Electronics Circuits များတွင် DC စနစ်သည် မဖြစ်မနေ အသုံးပြုထားကြပေသည်။
DC စနစ်အား အသုံးပြုမည် ဆိုပါက (+Ve, -Ve) မှန်ကန်စွာ သုံးရပါမည်။
DC ကို Scope တွင် အောက်ပါအတိုင်းတွေ့နိုင်ပါသည်။
DC စနစ်တွင် ဗို့အားနှင့် Current တို့သည် တစ်သမတ်တည်း တည်ငြိမ်နေသည်ကို တွေ့ရပါသည်။ တိုင်း တာရေးပစ္စည်းတွေမှာ အေစီဗို့ အေစီလျှပ်စီးကြောင်းဆိုရင် မီတာဒိုင်ခွက်ရဲ့ အတွင်းမှာ ~ လှိုင်းပုံစံနဲ့ ဖော်ပြထား ပါတယ်။ ဒီစီဗို့ ဒီစီလျှပ်စီးကြောင်းဆိုရင်တော့ မီတာဒိုင်ခွက်ရဲ့ အတွင်းမှာ - မျဉ်းဖြောင့်ပုံ နှင့် ဖော်ပြထားပါ တယ်။ ဒိုင်ခွက်တွေထဲမှာ ~ လှိုင်းနဲ့ - မျဉ်းဖြောင့်နှစ်ခုတွေ့ခဲ့ရင် AC/DC နှစ်မျိုးလုံးသုံးလို့ ရတဲ့ မီတာတွေပဲ ဖြစ်ပါတယ်။
Volt Meter - ဗို့အားကိုတိုင်းတာသည်။

Ammeter - လျှပ်စစ်စီးကြောင်းကိုတိုင်းတာသည်။

PDF fileအားဒေါင်းလုပ်ချရန်

အားလုံးပဲ ပျော်ရွှင်ကြပါစေခင်ဗျာ ။
ရေးသားသူ
မောင်နိုင်
အချိန်
8:44 AM
0
ဒီလိုထင်မြင်ကြတယ်လေ .
Labels: electronics






